Saturday, 1 September 2012

ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူးရပြီးဘောဂဗေဒတွင်၁၅မှတ်ဖြင့်ကျရှုံသွားသူမောင်မင်းသန့်လွင်

ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူးရပြီးဘောဂဗေဒတွင်၁၅မှတ်ဖြင့်ကျရှုံသွားသူမောင်မင်းသန့်လွင်၏ဘောဂဗေဒအဖြေလွှာစာအုပ်အားပြန်လည်စစ်ဆေးပေးရန်နှင့်ကြည့်ရှုခွင့်ပေးစေချင်..... ၂၀၁ ၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာ ဂုဏ်ထူးဖြင့် မြေပုံမြို့ က မောင်မင်းသန်းလွင် ကျရှူံး ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက် မှာ နေထိုင့်သည့် မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးရခဲ့သော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့် စာမေးပွဲကျရှူံးခဲ့ရကြောင်း လေးဝတီ လွတ်လပ်သော သတင်းဌာနမှ သိရှိရပါသည်။ မောင်မင်းသန့်လွင်သည် အဖ ဦးစိုးသိန်း(လက်သမား) အမိ ဒေါ်စောခင်လှ(အလယ်တန်းပြဆရာမ)တို့၏ သားဖြစ်ပြီး အ ထ က မြေပုံမြို့တွင် ပညာသင်ကြားခဲ့သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ သူ့တွင် မွေးချင်း အစ်မတစ်ယောက်ရှိပြီး သူ့ အစ်မ မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာ မ) တစ်ယောက်ဖြစ်ပါသည်၊ သူ့ ၏ဖခင်မှာ လက်သမားဆရာတစ်ယောက်ဖြစ်ပြီး မိခင်မှာ အလယ်တန်းပြ (မူတာဝန်)ဖြင့် မြေပုံမြို့ မှကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။ မောင်မင်းသန်းလွင်သည် ငယ်စဉ်ကတည်းက ပညာတော်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ် ပါသည်၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ဆက်တိုက် ပထမဆုကိုရရှိပြီး နဝမတန်းထိ ထူးချွန်စွာအောင်မြင်ခဲ့ သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ မိခင်ဖြစ်သူပြောစကားအရ “ကျွန်မသားဟာ အငယ်စဉ်ကတည်းက ပညာတော်တဲ့ကျောင်းသားတစ် ယောက်ပါ၊ သူ့ကိုငယ်ငယ်လေးကတည်းက တော်အောင်တက်အောင်ဆိုပြီး ကျွန်မရော ဆရာဆရာမတွေ ပါ ပြုစုပျိုးထောင်လာခဲ့တာပါ၊ အခုဆယ်တန်း စာမေးပွဲမှာလဲ ဂုဏ်ထူးတွေ များများနဲ့အောင်မြင်အောင်ဆိုပြီး သူကိုယ်တိုင်လဲ အထူးကြိုးစားခဲ့သလို ကျွန်မကိုယ်တိုင်လဲ ဖိဖိစီးစီးကိုင်တွယ်ပေးခဲ့ပါတယ်၊ သူများတွေလိုကျူ ရှင်လဲမထားနိုင်ပါဘူး၊ သူအခုစာမေးပွဲမှာအဖြေနိုင်ဆုံးဘာသာဟာ ၁၅မှတ်ပဲရတဲ့ ဘောဂဗေဒ ဘာသာရပ်ဖြစ် နေတယ်၊ အကြိုစာမေးပွဲတွေမှာဆို သားလေးဟာ တစ်ခြားကျောင်းသူ ကျောင်းသားတွေထက် အမှတ်အများ ဆုံးနဲ့ ဂုဏ်ထူးတွေထွက်နေတဲ့ကျောင်းသားလေးပါ၊ ကျွန်မတို့ဆီမှာ အကြိုစားမေးပွဲတုန်းကဖြေထားခဲ့တဲ့ အမှတ်စာရင်း တွေရှိပါတယ်၊ ပညာရေးစာစစ်ဌာနက တစ်ခုခုလွဲမှားနေလိမ့်မယ်လို့ သံသယဖြစ်မိပါတယ်၊ ကျွန်မ အဖြေလွှာ မိတ္တူကိုစာစစ်ဌာနမှာ ကြည့်ခွင့်တောင်းပြီးသွားခဲ့ပါပြီ၊ ဘာတစ်ခုမှလဲ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ၊ ပြည်နယ် ဝန်ကြီးချူပ်ထံကိုပါ စာတစ်စောင်တင်ထားပါသေးတယ်” လို့ မောင်မင်းသန်းလွင်၏ မိခင်ဖြစ်သူ ဒေါ်စောခင်လှ ကပြောပါသည်။ သူသည် ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့ စာစစ်ဌာန ဒဖ-၂၀၃ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ ငါးဘာသာ ဂုဏ်ထူးရသော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့်ကျရှူံးခဲ့ပါ သည်၊ အမှတ်စာရင်းများမှာ မြန်မာစာ ၇၇မှတ်၊ အင်္ဂလိပ်စာ ၇၈မှတ်၊ သင်္ချာ ၈၂မှတ်၊ ဓာတုဗေဒ ၉၃မှတ်၊ ရုပဗေဒ ၈၄မှတ်၊ ဘောဂဗေဒ ၁၅မှတ် ဖြစ်ပါသည်။ “ရခိုင်ပြည်နယ် ပညာရေးဌာနကို သွားရောက်ခဲ့ပါတယ်၊ဘာမှထူးခြားမူမရှိလို့ ရန်ကုန်စာစစ်ဌာန ဥက္ကဌ ကို ကျွန်မကိုယ်တိုင်တွေ့ဖို့ ကြိုးစားခဲ့ပါသော်လည်း မသင်္ခါ သောမျက်လုံးများနဲ့ကြည့်ပြီး မဖြစ်နိုင်တော့ကြောင်း နောက်ကျသွားပြီလို့ သူတို့ကပြောကြတယ်၊ ကျွန်မသားလေးရဲ့အဖြေလွှာကိုကြည့်ခွင့်ရရင် တော်ပါပြီဟုပြောရင် လည်း သူတို့က အရေးတစ်ယူဆောင်ရွက်ပေးတာမရှိဘူးလေ၊ မြန်မာနိုင်ငံစာစစ်ဌာနအနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသင့်တယ်လို့ ကျွန်မမြင်ပါတယ်၊ အဖြေလွှာလေးတစ်ခေါက်ကြည့်မှာ ဘယ်လောက်များပင်ပန်း မှာမို့လို့လဲ၊ ကျွန်မတို့ ဆင်းရဲသားတွေဟာ ဒီလိုပညာလေးတွေကိုအားကိုးပြီး ကြိုးစားခဲ့ရတာပါ ခုကျွန်မသား လေးဆိုရင် သူကိုယ်တိုင်ခုဖြေဆို ခုတစ်ထိုင်တည်းဖြေဆိုနိုင်ပါတယ်၊ ဒီနှစ်မဖြေလိုက်ရလဲ နောက်နှစ်ဖြေတယ် ထားပါအုံး ဒီလိုမျိုးသာဆိုရင် နောက်နှစ်တွေရော အာမခံချက်ရှိပါတော့မလား ကျွန်မက ကျွန်မသားလေးရဲ့ ဖြေလွှာကိုကြည့်ခွင့်ရရင် ကျေနပ်ပါပြီ” ဟုလေးဝတီသတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဇွန်လ ၉ရက် ၂၀၁၂ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထွက်ချိန်က မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးဖြင့် အောင်စာရင်းတွင်မပါခဲ့ပဲ ကျရှူံးခဲ့ပြီး အမှတ်စာရင်းထွက်လာ ချိန်တွင် ဂုဏ်ထူးရဘာသာတွေတွင် အမှတ်ကောင်းများဖြင့် ဂုဏ်ထူးရခဲ့ပါသည်၊ ဘောဂဗေဒ ဘာသာရပ်တွင်မူ ၁၅မှတ်ရသည်မှာ ဖြစ်နိုင်ဖွယ် လုံးဝမရှိကြောင်း ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အသိုင်းအဝိုင်း များအပြောအရ စာစစ်ဌာနတစ်ခုခုမှားယွင်းမူကြောင်းသားဖြစ်လိမ့်မယ်လို့ ဝေဖန်သုံးသပ်နေကြပါသည်။ “ကျွန်မက ရခိုင်ပြည်ကနေ ခရီးအဝေးကြီးလာရတာပါ၊ ပိုက်ဆံရှိလို့ လာတာတော့မဟုက်ဘူး၊ သူများဆီက ပိုက်ဆံချေးငှားပြီး ပိုက်ဆံတွေအကုန်အကျခံလို့ လာခဲ့ရတာပါ၊ အရေးတစ်ယူဆောင်ရွက်ပေးခြင်းမရှိတဲ့အပြင် အဖြေလွှာလေးတောင်မှ ကြည့်ခွင့်မရခဲ့ပါ”ဟု ဝမ်းနည်းစွာဖြစ့် ဆက်လက်ပြောခဲ့ပါသည်။ မောင်မင်းသန်းလွင် ရမှတ်နှင့် ပတ်သက်လို့ အဖြေလွှာကို ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးရန်နှင့် အဖြေ လွှာကိုပြန်လည်ကြည့်ရှူခွင့်ရရန် မိခင်ဖြစ်သူမှ အသနားခံတောင်းဆိုလွှာကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ရန်ကုန်သို့ ပထမအကြိမ် ဒုတိယအကြိမ်တရားဝင် ပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာမရရှိ ခဲ့ကြောင်း လေးဝတီမှ သတင်းရရှိပါသည်။ လေးဝတီသတင်းဌာနမှ ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်ဆိုရင်တော့ arakanlaywaddy.com မှာကြည့်ရှူ့နိုင်ပါသည်။ လေးစားစွာဖြင့် ကျော်ထွန်းလင်း Photo: ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူးရပြီးဘောဂဗေဒတွင်၁၅မှတ်ဖြင့်ကျရှုံသွားသူမောင်မင်းသန့်လွင်၏ဘောဂဗေဒအဖြေလွှာစာအုပ်အားပြန်လည်စစ်ဆေးပေးရန်နှင့်ကြည့်ရှုခွင့်ပေးစေချင်..... ၂၀၁ ၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာ ဂုဏ်ထူးဖြင့် မြေပုံမြို့ က မောင်မင်းသန်းလွင် ကျရှူံး ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက် မှာ နေထိုင့်သည့် မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးရခဲ့သော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့် စာမေးပွဲကျရှူံးခဲ့ရကြောင်း လေးဝတီ လွတ်လပ်သော သတင်းဌာနမှ သိရှိရပါသည်။ မောင်မင်းသန့်လွင်သည် အဖ ဦးစိုးသိန်း(လက်သမား) အမိ ဒေါ်စောခင်လှ(အလယ်တန်းပြဆရာမ)တို့၏ သားဖြစ်ပြီး အ ထ က မြေပုံမြို့တွင် ပညာသင်ကြားခဲ့သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ သူ့တွင် မွေးချင်း အစ်မတစ်ယောက်ရှိပြီး သူ့ အစ်မ မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာ မ) တစ်ယောက်ဖြစ်ပါသည်၊ သူ့ ၏ဖခင်မှာ လက်သမားဆရာတစ်ယောက်ဖြစ်ပြီး မိခင်မှာ အလယ်တန်းပြ (မူတာဝန်)ဖြင့် မြေပုံမြို့ မှကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။ မောင်မင်းသန်းလွင်သည် ငယ်စဉ်ကတည်းက ပညာတော်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ် ပါသည်၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ဆက်တိုက် ပထမဆုကိုရရှိပြီး နဝမတန်းထိ ထူးချွန်စွာအောင်မြင်ခဲ့ သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ မိခင်ဖြစ်သူပြောစကားအရ “ကျွန်မသားဟာ အငယ်စဉ်ကတည်းက ပညာတော်တဲ့ကျောင်းသားတစ် ယောက်ပါ၊ သူ့ကိုငယ်ငယ်လေးကတည်းက တော်အောင်တက်အောင်ဆိုပြီး ကျွန်မရော ဆရာဆရာမတွေ ပါ ပြုစုပျိုးထောင်လာခဲ့တာပါ၊ အခုဆယ်တန်း စာမေးပွဲမှာလဲ ဂုဏ်ထူးတွေ များများနဲ့အောင်မြင်အောင်ဆိုပြီး သူကိုယ်တိုင်လဲ အထူးကြိုးစားခဲ့သလို ကျွန်မကိုယ်တိုင်လဲ ဖိဖိစီးစီးကိုင်တွယ်ပေးခဲ့ပါတယ်၊ သူများတွေလိုကျူ ရှင်လဲမထားနိုင်ပါဘူး၊ သူအခုစာမေးပွဲမှာအဖြေနိုင်ဆုံးဘာသာဟာ ၁၅မှတ်ပဲရတဲ့ ဘောဂဗေဒ ဘာသာရပ်ဖြစ် နေတယ်၊ အကြိုစာမေးပွဲတွေမှာဆို သားလေးဟာ တစ်ခြားကျောင်းသူ ကျောင်းသားတွေထက် အမှတ်အများ ဆုံးနဲ့ ဂုဏ်ထူးတွေထွက်နေတဲ့ကျောင်းသားလေးပါ၊ ကျွန်မတို့ဆီမှာ အကြိုစားမေးပွဲတုန်းကဖြေထားခဲ့တဲ့ အမှတ်စာရင်း တွေရှိပါတယ်၊ ပညာရေးစာစစ်ဌာနက တစ်ခုခုလွဲမှားနေလိမ့်မယ်လို့ သံသယဖြစ်မိပါတယ်၊ ကျွန်မ အဖြေလွှာ မိတ္တူကိုစာစစ်ဌာနမှာ ကြည့်ခွင့်တောင်းပြီးသွားခဲ့ပါပြီ၊ ဘာတစ်ခုမှလဲ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ၊ ပြည်နယ် ဝန်ကြီးချူပ်ထံကိုပါ စာတစ်စောင်တင်ထားပါသေးတယ်” လို့ မောင်မင်းသန်းလွင်၏ မိခင်ဖြစ်သူ ဒေါ်စောခင်လှ ကပြောပါသည်။ သူသည် ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့ စာစစ်ဌာန ဒဖ-၂၀၃ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ ငါးဘာသာ ဂုဏ်ထူးရသော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့်ကျရှူံးခဲ့ပါ သည်၊ အမှတ်စာရင်းများမှာ မြန်မာစာ ၇၇မှတ်၊ အင်္ဂလိပ်စာ ၇၈မှတ်၊ သင်္ချာ ၈၂မှတ်၊ ဓာတုဗေဒ ၉၃မှတ်၊ ရုပဗေဒ ၈၄မှတ်၊ ဘောဂဗေဒ ၁၅မှတ် ဖြစ်ပါသည်။ “ရခိုင်ပြည်နယ် ပညာရေးဌာနကို သွားရောက်ခဲ့ပါတယ်၊ဘာမှထူးခြားမူမရှိလို့ ရန်ကုန်စာစစ်ဌာန ဥက္ကဌ ကို ကျွန်မကိုယ်တိုင်တွေ့ဖို့ ကြိုးစားခဲ့ပါသော်လည်း မသင်္ခါ သောမျက်လုံးများနဲ့ကြည့်ပြီး မဖြစ်နိုင်တော့ကြောင်း နောက်ကျသွားပြီလို့ သူတို့ကပြောကြတယ်၊ ကျွန်မသားလေးရဲ့အဖြေလွှာကိုကြည့်ခွင့်ရရင် တော်ပါပြီဟုပြောရင် လည်း သူတို့က အရေးတစ်ယူဆောင်ရွက်ပေးတာမရှိဘူးလေ၊ မြန်မာနိုင်ငံစာစစ်ဌာနအနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသင့်တယ်လို့ ကျွန်မမြင်ပါတယ်၊ အဖြေလွှာလေးတစ်ခေါက်ကြည့်မှာ ဘယ်လောက်များပင်ပန်း မှာမို့လို့လဲ၊ ကျွန်မတို့ ဆင်းရဲသားတွေဟာ ဒီလိုပညာလေးတွေကိုအားကိုးပြီး ကြိုးစားခဲ့ရတာပါ ခုကျွန်မသား လေးဆိုရင် သူကိုယ်တိုင်ခုဖြေဆို ခုတစ်ထိုင်တည်းဖြေဆိုနိုင်ပါတယ်၊ ဒီနှစ်မဖြေလိုက်ရလဲ နောက်နှစ်ဖြေတယ် ထားပါအုံး ဒီလိုမျိုးသာဆိုရင် နောက်နှစ်တွေရော အာမခံချက်ရှိပါတော့မလား ကျွန်မက ကျွန်မသားလေးရဲ့ ဖြေလွှာကိုကြည့်ခွင့်ရရင် ကျေနပ်ပါပြီ” ဟုလေးဝတီသတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဇွန်လ ၉ရက် ၂၀၁၂ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထွက်ချိန်က မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးဖြင့် အောင်စာရင်းတွင်မပါခဲ့ပဲ ကျရှူံးခဲ့ပြီး အမှတ်စာရင်းထွက်လာ ချိန်တွင် ဂုဏ်ထူးရဘာသာတွေတွင် အမှတ်ကောင်းများဖြင့် ဂုဏ်ထူးရခဲ့ပါသည်၊ ဘောဂဗေဒ ဘာသာရပ်တွင်မူ ၁၅မှတ်ရသည်မှာ ဖြစ်နိုင်ဖွယ် လုံးဝမရှိကြောင်း ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အသိုင်းအဝိုင်း များအပြောအရ စာစစ်ဌာနတစ်ခုခုမှားယွင်းမူကြောင်းသားဖြစ်လိမ့်မယ်လို့ ဝေဖန်သုံးသပ်နေကြပါသည်။ “ကျွန်မက ရခိုင်ပြည်ကနေ ခရီးအဝေးကြီးလာရတာပါ၊ ပိုက်ဆံရှိလို့ လာတာတော့မဟုက်ဘူး၊ သူများဆီက ပိုက်ဆံချေးငှားပြီး ပိုက်ဆံတွေအကုန်အကျခံလို့ လာခဲ့ရတာပါ၊ အရေးတစ်ယူဆောင်ရွက်ပေးခြင်းမရှိတဲ့အပြင် အဖြေလွှာလေးတောင်မှ ကြည့်ခွင့်မရခဲ့ပါ”ဟု ဝမ်းနည်းစွာဖြစ့် ဆက်လက်ပြောခဲ့ပါသည်။ မောင်မင်းသန်းလွင် ရမှတ်နှင့် ပတ်သက်လို့ အဖြေလွှာကို ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးရန်နှင့် အဖြေ လွှာကိုပြန်လည်ကြည့်ရှူခွင့်ရရန် မိခင်ဖြစ်သူမှ အသနားခံတောင်းဆိုလွှာကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ရန်ကုန်သို့ ပထမအကြိမ် ဒုတိယအကြိမ်တရားဝင် ပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာမရရှိ ခဲ့ကြောင်း လေးဝတီမှ သတင်းရရှိပါသည်။ လေးဝတီသတင်းဌာနမှ ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်ဆိုရင်တော့ arakanlaywaddy.com မှာကြည့်ရှူ့နိုင်ပါသည်။ လေးစားစွာဖြင့် ကျော်ထွန်းလင်း

1 comment:

  1. နောက်ဒီအဖြစ်မျိုးက၀ီးပါစီဆရာမလေ

    ReplyDelete