သူငယ်ချင်း ...
' လူ' ဆိုတဲ့ ငါတို့ အသက်ရှင်ဖို့
အဓိက အဟာရဖြစ်တဲ့ ဆန်စပါးကို ပြည်တွင်း၊ပြည်ပ ဖူလုံစေအောင်
ထုတ်ဝေပေးတဲ့ မြေပဒေသာပင်ရှိတယ်။
မြေကြီးခ ရွှေသီးတဲ့ ရတနာမြေပုံပေါ့။
သူငယ်ချင်း ...
' လူ' ဆိုတဲ့ ငါတို့ စားသုံးဖို့
ပုဇွန် ၊သားငါး ၊ဂဏန်း ငါးခြောက်ကို
ပြည်တွင်းမှာပိုလျှံလို့
ပြည်ပကို ဝေငှပေးတဲ့ ငွေပဒေသာပင်ရှိတယ်။
ပင်လယ်က ငွေသီးတဲ့ ရတနာမြေပုံပေါ့ ။
ပြည်ပကို ဝေငှပေးတဲ့ ငွေပဒေသာပင်ရှိတယ်။
ပင်လယ်က ငွေသီးတဲ့ ရတနာမြေပုံပေါ့ ။
No comments:
Post a Comment