မှာ ဆရာတော်ဦးဥတ္တမအကြောင်းတွေကို

ဖော်မပြကြတာ အရမ်းဝမ်းနည်းစရာ
ကောင်းပါတယ်။ မြန်မာ့အလင်း၊ကြေးမုံ
လိမ်ညာသတင်းတွေအတိုင်းပဲ ဂျာနယ်တွေကိုဖတ်ရတာ အရမ်းစိတ်ပျက်စရာကောင်းပါတယ်...နိုင်ငံတကာမှာ သတင်းမီဒီယာသမားဆိုတာ
ပြည်သူတွေကို မှန်ကန်သော သတင်း၊ အသိပညာ၊ဗဟုသုတပေးရန်ပဲမလား..။
မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများ အနေဖြင့် လူမျိုးရေး မခွဲခြားဘဲ
အလေး ဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများ အနေဖြင့် မည်သည့်သတင်းဌာန
တွင် ပါ၊ မပါ ဂရု စိုက်လိမ့်မည်မဟုတ်။ ထောင်အကျခံရလည်း သူတို့အရေး လုပ်ကြမည် မဟုတ်။
သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့ အတွက် ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင် ယူဆလျက် အပြုသဘောဆောင်
ရေးသား တင်ပြလိုက်ပါသည်။
သတင်းသမားလုပ်ပြီး သတင်းသမားတယောက်ရဲ့ တာဝန်ဝတ္တရားတွေကို လျှစ်လျှူရူနေကြသော သတင်းသမားတွေ ဒုနှင့်ဒေးပဲလို့ထင်မိတယ်...။ ဘာလို့ မြန်မာနိုင်ငံကို ကျွန်စနစ်ပျောက်အောင် ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြပြီး တိုက်ပွဲ ၀င်သွားသည့် အာဇာနည် အသျှင်မြတ်တဦးကို မျက်ကွယ်ပြုနေကြသည့် စာနယ်ဇင်းသမားတွေအကြောင်း စဉ်းစားရင်း
ဘယ်လိုမှ လက်သင့်မခံနိုင်သော ကိစ္စပင်ဖြစ်တယ်...။ သမိုင်းကိုပျောက်အောင်လုပ်နေသူထဲမှာ စာနယ်ဇင်းသမားတွေလည်း ပါနေတယ်ဆိုတာ ထင်ရှားနေပါပြီ....ပြည်သူကို အလုပ်အကျွေးပြုသော၊သတင်းအမှန်ပို့ပေးသော သတင်းသမားတွေကိုပဲ ပြည်သူက
အလိုရှိနေတာပါ....။
ပြည်သူ့ဘက်ကနေ ပါဝင်ကြပါ.....အပတ်စဉ်ထုတ်သတင်းဂျာနယ်တွေကို ဖတ်တာ ကျွန်တော်တို့ပြည်သူတွေပါပဲမလား။။။။ ငွေပေးပြီး အချိန်ကုန်ဖတ်နေတာ တန်ဖိုးရှိစေချင်ပါတယ်...ဘာမဟုတ်တဲ့ သရုပ်ပျက် ယဉ်ကျေးမှုတွေကို ဦးစားပေးးဖော်ပြကြတယ်..ဘယ်မင်းသားမင်းသမီးတွေက ဘယ်ဖက်ရှင်နဲ့လိုက်ဖက်တယ်။
စသဖြင့်ဒါတွေဟာအကျိုးနည်းဖျက်ဆီးနေသောစာပေမသမာတင်းတွေပါပဲဘယ်လောက်ထိ
အကျိုးပေးလဲလို့ မေးခွန်း ထုတ်လိုက်ချင်ပါတယ်...။
စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၂) နှစ် မြောက် ဆရာတော်ဦး
ဥတ္တမနေ့ အခမ်းအနားကို ဖရခိုင်ပြည် တ၀ှန်း ကျင်းပသွားမည်။
မြန်မာ့လွတ်လပ်ရေး မျိုးစေ့ချပေးခဲ့သူ အာဇာနည် အသျှင် ဥုံးဥတ္တမသည် မြန်မာ့
လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော
(သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မ၀ံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလောအဘယ်ကြောင့်များ
ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။
မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ ဖြင့်ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ
ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့ ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။
လေးစားစွာဖြင့်.......။
အာရ်ကန်သိန်း (ဖရခိုင်မြီ)
http://www.shwemyanmarmediagroup.blogspot.com မှ ကူယူထားခြင်းဖြစ်ပါသည်.....
No comments:
Post a Comment