ရခိုင်ပြည်နည်တွင်ဘင်္ဂလီများ ပြည်နယ်အနှံ့ ဆူပူသောင်းကျန်းမူကြောင့် မြေပုံမြို့တွင် မြို့သူမြို့သားများက ဘင်္ဂလီများအား ကုန်ရောင်းကုန်ဝယ်မလုပ်ရန် အမျိုးသားရေးအသိစိတ်ဖြင့် စည်းကမ်းထုတ်ထားကြပါသော်လည်း လူကုံထံစားရင်ဝင် ကုန်သည်များ၏ စည်းကမ်းဖောက် ဖျက်ကာ ကုန်များသွားရောက်ရောင်းချလျှက်ရှိပါသည်....
လူကုံထံများ က အမြတ်အစွန်းအတွက် စည်းကမ်းဖောက် ရောင်းချနေသော်လည်း ဆင်းရဲနုံချာ လှသော တောင်ပိုင်း...မြောက်ပိုင်းမှ မြို့သူု..မြို့သားများကတော့ ငတ်ရင်ငတ်ပါစေ
အမျိုးသားရေးပေါ်သစ္စာဖောက် တာမျိုးမလုပ်ဘူးဟု ပြောနေကြသည်...
ထိုသို့ ကုန်ပစ္စည်းရောင်းချနေသော ကိုအောင်သန်း (ဈေးပိုင်း) . ဆရာမ မလှချေ နှင့် ကျန် ကုန်သည်အချို့တို့အား မြေပုံမြို့နှင့် ရခိုင်ပြည်သူများ အပေါ်တွင် စည်းကမ်းဖောက် သူ... အမျိုးသားရေးပေါ်သစ္စာဖောက်သူ
အဖြစ် မြေပုံလူငယ်များက သတ်မှတ်ထားကြသည်..
ယခုလက်ရှိလည်းရောင်းချနေပြီး ရခိုင်ပြည်သူများအပေါ်သစ္စာဖေါက် လျှက်ရှိပါသည်..
Friday, 14 September 2012
Saturday, 8 September 2012
ကျွန်တော့် အတွေး တချို့
မြန်မာနိုင်ငံ၏အနောက်တံခါး နဲ့ ကျွန်တော့် အတွေး တချို့
ကျွန်တော်တို့ က အနောက်တံခါး ကို မောင်တော လို့ယူဆပါတယ်ဗျာ တောင်ကုတ် ကသာ ပိတ်ထားမယ်ဆိုရင်တော့ သေချာပါတယ် ဆယ်စုနှစ်မကြာပါဘူး ရခိုင်ပြည် ကုလားလက်အောက်ရောက်
သွားနိုင်ပါတယ်.....ဘာကြောင့်လည်း ကျွန်တော်တို့ရခိုင်ပြည် ကို ဘင်္ဂလီတွေ အဆက်မပြတ် ၀င်နေကြတယ်လေ....အဲတာ ကို နယ်စပ်ကို အရေးမစိုက်ဘဲ ဗမာ . ရခိုင် နယ်စပ်ဖြစ်တဲ့ တောင်ကုတ်နဲ့ အမ်း ကသာ ပိတ် နေကြတာ က တော့ စဉ်းစားစရာတစ်ခုလို့တွေးမိပါတယ်ဗျာ ...
ကဲ ..ခင်ဗျားကော ဘယ်လိုတွေးမလဲ ....?
ပိတ်တာက တော့ပိတ်နေပါပီ.....ကျွန်တော်တို့ မှာ သမိုင်း အသိ နှင့် ဇာတိမာန်
ဖြစ်တည်မနေဘဲ မတွန်းလှန်နိုင်ပါဘူး....အနောက်တံခါးကို ကြာရှည် မစောင့်နိုင်ပါဘူး....
ကျွန်တော်တို့ က ဘယ်ကလာတယ် ...ဘယ် လို ရှိနေတယ်...ဘယ်လိုရှေ့ဆက်သွားမယ်
ဆိုတဲ့ သမိုင်းအသိမျိုး သို့မဟုတ် ဇာတိမာန် ဆိုသော အမျိုးသားရေးစိတ်ဒါတ် က နှလုံးသားထဲ
ရှိနေမှ သာ..စွဲမြဲနေမှသာ စောင့်ထိန်းနိုင်မှာပါ..
ကျွန်တော် တို့ က အစဉ်လာကောင်းခဲ့တဲ့ရခိုင်တွေပါ ...ကျွန်တော်တို့ရဲ့ သမိုင်း နဲ့ ရှေးခောတ်စာပေ အဆင့်အတန်းကို ကို လွပ်လပ်စွာလေ့လာခွင့် ပေးသင့်ပါတယ် ..
သမိုင်း ခုသင်နေရတဲ့ သမိုင်းမှာ ကျွန်တော်တို့ တိုင်းပြည် တိုးတက်ခဲ့တာ စာပေထွန်းကားခဲ့တာ ....သာသနာထွန်းကားခဲ့တာ တွေ ဘာမှ ပါမလာပါဘူး .....
ကိုင်း ဒါတွေ ကိုကျွန်တော်တို့ မသင်ရဘဲ ...သို့တည်းမဟုတ် သိမနေဘဲ တံခါးစောင့်ဖို့
တွန်းအားတွေ ရလာမှာမဟုတ်ပါဘူး.....အစိုးရကြီးအနေနဲ့ မောင်တောင် နယ်စည်းကို လုံခြုံအောင်
ပိတ်သင့်သလို တစ်ဖက်ကလည်း ရခိုင်တို့၏ဇာတိ မာန် ...အစွန်းမရောက်ော အမျိုးသားရေးစိတ်ဒါတ် ရှိလာအောင် ပံ့ပိုးပေးသင့်ပါတယ် .....
ဒီလိုလုပ်ပေးလိုက်လို့ ဗမာနဲ့ ရခိုင် သွေးကွဲစရာမရှိပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ ရှေးကတည်းက ရခိုင်နဲ့ ဗမာ မိတ်ဆွေ ကဲအဖြစ်နေလာကြတာပါ....ရခိုင့် အမျိုးသားမညီညွတ် လို့သာ
ရခိုင်ပြည်ကျဆုံးခဲ့ ရတာဖြစ်ပါတယ်...
ကျွန်တော်တို့ ရခိုင်တွေ အနောက်တံခါး ကိုဆက်စောင့်ဖို့ တွန်းအား (သို့)ဇာတိမာန်လိုအပ်ပါတယ် ....တွန်းအားရဖို့( သို့တည်းမဟုတ်) အမျိုးသားရေးစိတ်ဒါတ်ရ ရှိဖို့
ကျွန်တော်တို့ ရခိုင်ပြည် ရဲ့ သမိုင်းပြဌာန်းစာအုပ်မှာ ရခိုင်သမိုင်းဆိုသော အချပ်ပို တစ်စောင် တွဲထည့်သင့်ကြောင်း တွေးမိသမျှ ပြောပြလိုက်ပါသည်....
မောင်ခိုင်ချေ ထံမှ မေး အားမျှဝေခြင်း

Friday, 7 September 2012
အစာငတ်ခံ ဆန္ဒပြပြီး တိုက်ပွဲ ၀င်သွားသည့် အာဇာနည် အသျှင်မြတ်ဦးဥတ္တမ အား လစ်လျု မရှုသင့်
အခုစက်တင်ဘာလ ပထမပတ်ဂျာနယ်တွေ
မှာ ဆရာတော်ဦးဥတ္တမအကြောင်းတွေကို
ဖော်မပြကြတာ အရမ်းဝမ်းနည်းစရာ
ကောင်းပါတယ်။ မြန်မာ့အလင်း၊ကြေးမုံ
လိမ်ညာသတင်းတွေအတိုင်းပဲ ဂျာနယ်တွေကိုဖတ်ရတာ အရမ်းစိတ်ပျက်စရာကောင်းပါတယ်...နိုင်ငံတကာမှာ သတင်းမီဒီယာသမားဆိုတာ
ပြည်သူတွေကို မှန်ကန်သော သတင်း၊ အသိပညာ၊ဗဟုသုတပေးရန်ပဲမလား..။
မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများ အနေဖြင့် လူမျိုးရေး မခွဲခြားဘဲ
အလေး ဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများ အနေဖြင့် မည်သည့်သတင်းဌာန
တွင် ပါ၊ မပါ ဂရု စိုက်လိမ့်မည်မဟုတ်။ ထောင်အကျခံရလည်း သူတို့အရေး လုပ်ကြမည် မဟုတ်။
သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့ အတွက် ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင် ယူဆလျက် အပြုသဘောဆောင်
ရေးသား တင်ပြလိုက်ပါသည်။
သတင်းသမားလုပ်ပြီး သတင်းသမားတယောက်ရဲ့ တာဝန်ဝတ္တရားတွေကို လျှစ်လျှူရူနေကြသော သတင်းသမားတွေ ဒုနှင့်ဒေးပဲလို့ထင်မိတယ်...။ ဘာလို့ မြန်မာနိုင်ငံကို ကျွန်စနစ်ပျောက်အောင် ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြပြီး တိုက်ပွဲ ၀င်သွားသည့် အာဇာနည် အသျှင်မြတ်တဦးကို မျက်ကွယ်ပြုနေကြသည့် စာနယ်ဇင်းသမားတွေအကြောင်း စဉ်းစားရင်း
ဘယ်လိုမှ လက်သင့်မခံနိုင်သော ကိစ္စပင်ဖြစ်တယ်...။ သမိုင်းကိုပျောက်အောင်လုပ်နေသူထဲမှာ စာနယ်ဇင်းသမားတွေလည်း ပါနေတယ်ဆိုတာ ထင်ရှားနေပါပြီ....ပြည်သူကို အလုပ်အကျွေးပြုသော၊သတင်းအမှန်ပို့ပေးသော သတင်းသမားတွေကိုပဲ ပြည်သူက
အလိုရှိနေတာပါ....။
ပြည်သူ့ဘက်ကနေ ပါဝင်ကြပါ.....အပတ်စဉ်ထုတ်သတင်းဂျာနယ်တွေကို ဖတ်တာ ကျွန်တော်တို့ပြည်သူတွေပါပဲမလား။။။။ ငွေပေးပြီး အချိန်ကုန်ဖတ်နေတာ တန်ဖိုးရှိစေချင်ပါတယ်...ဘာမဟုတ်တဲ့ သရုပ်ပျက် ယဉ်ကျေးမှုတွေကို ဦးစားပေးးဖော်ပြကြတယ်..ဘယ်မင်းသားမင်းသမီးတွေက ဘယ်ဖက်ရှင်နဲ့လိုက်ဖက်တယ်။
စသဖြင့်ဒါတွေဟာအကျိုးနည်းဖျက်ဆီးနေသောစာပေမသမာတင်းတွေပါပဲဘယ်လောက်ထိ
အကျိုးပေးလဲလို့ မေးခွန်း ထုတ်လိုက်ချင်ပါတယ်...။
စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၂) နှစ် မြောက် ဆရာတော်ဦး
ဥတ္တမနေ့ အခမ်းအနားကို ဖရခိုင်ပြည် တ၀ှန်း ကျင်းပသွားမည်။
မြန်မာ့လွတ်လပ်ရေး မျိုးစေ့ချပေးခဲ့သူ အာဇာနည် အသျှင် ဥုံးဥတ္တမသည် မြန်မာ့
လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော
(သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မ၀ံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလောအဘယ်ကြောင့်များ
ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။
မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ ဖြင့်ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ
ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့ ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။
လေးစားစွာဖြင့်.......။
အာရ်ကန်သိန်း (ဖရခိုင်မြီ)
http://www.shwemyanmarmediagroup.blogspot.com မှ ကူယူထားခြင်းဖြစ်ပါသည်.....

Saturday, 1 September 2012
မြေပုံမြို့ပေါ်တွင် ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အထိတ်တလန့် ဖြစ်ပွားခဲ့
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင်
စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အထိတ်တလန်
့ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့် ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
သေနတ်သံမှာ မြေပုံမြို့ မွတ်ဆလင် ဗလီ အနားမှ ဆင့်ကာ ဆင့်ကာ ထွက်လာသဖြင့် လူများမှာ ကြောက်လန့်ပြီး ပြေးသူပြေး၊ ပုန်းသူ ပုန်းဖြင့် ရှုတ်ယှတ်ခတ်သွားခဲ့သည်ဟု ဆိုသည်။
“ ခုလို သေနတ်သံကို မကြားဖူးတော့ လမ်းမှာရှိတဲ့ သူတွေက ထွက်ပြေး၊ ဆိုင်တွေကို ပိတ်၊ မီးတွေ မှိတ်နဲ့ တမြို့လုံး ရှုပ်ယှတ်ခတ်သွားခဲ့ပါတယ်။ တညဥ့်လုံး လူတွေက ဘာဖြစ်သလဲဆိုတာကို အတိအကျ မသိတော့ အိပ်တောင် မပျော်ခဲ့ပါဘူး” ဟု ပြောသည်။
မနက်လင်းမှ စစ်သား တစ်ဦး အရက်မူးရာမှ သေနတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်ဟု သူက ဆိုသည်။ သို့သော် တစ်စုံ တစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ စစ်သားများမှာ မြေပုံမြို့ထဲရှိ ဈေးထဲ ဓမ္မာရုံနှင့် မြေပုံမြို့ ဗလီနားတွင် လုံခြုံရေး ယူထားကြောင်း သူက ဆက်ပြောသည်။
ယခုကဲ့သို့ လူအများ စိုးရိမ်စိတ်များ ၀င်နေချိန်တွင် မြို့ထဲတွင် စစ်တပ်မှ အချိန် မတော် သေနတ်ပစ်ခတ်သဖြင့် ပြည်သူများကို အထူး အထိတ်တလန့် ဖြစ်စေခဲ့ကြောင်း သတင်းများ ရရှိသည်။

မြေပုံက ထင်ရှားသော သူများ (၁)
မြေပုံက ထင်ရှားသော သူများ (၁)
Posted by thant.zin on Tuesday, June 19, 2012
အာဇာနီလွတ်လပ်ရေးခေါင်းဆောင် နာယကဆရာတော် ဦးစိန္တာ
တင်ပြသူ ။..။ Arakan Research Centre ပင်မစာမျက်နှာ, ပုဂ္ဂိုလ်ထူးများ 08:33
(ရခိုင့် အမျိုးသားရေး နိုင်နိုင်)
ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ပြီး ကမ်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇယာရာမတိုက်၊ မြောက်တန်းလျှား ကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။
၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးခသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကမ်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်ငနွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်ငနွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူပါသည်။
ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ဦးစိန္တာသည် စာပီပရိယတ္တိကို သင်ကြားပို့ချလျှက်နီစဉ်မှာပင် တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတိကို ကြွီကွဲဖွယ်ရာ တွိ့မြင်ရလာခြင်းကြောင့် ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွီသောအခါ နယ်ချဲ့အရင်းသျှင်နှင့်
မြီသျှင်ကြီးရို့ ၏ သွီးစုပ်မှုပင်ဟု သိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌ တည်သည်။ ဒါယကာပင်ပန်းက သာသနာညှိုးနွမ်းလိမ့်မည်ဟု ဒါယကာတောင်သူလယ်သမား အလုပ်သမားရို့ ၏ ဘဝကို မြှင့်တင်လိုသောကြောင့် စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှိနီ ဦးမြထွန်း၊ ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစဟိသော ပုဂ္ဂိုလ်များနှင့် တိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန်းလ၌ စတင်ဖွဲ့စည်းခသည်။ ယင်းအချိန်မှစ၍ ဆရာတော် ဦးစိန္တာသည် ဆရာတော် ဦးပညာသီဟနှင့် တွိဆုံကာ အဖွဲ့ချုပ်၏ နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းသျှင် နယ်ချဲ့စနစ်ကို တိုက်ဖျက်လာခကတ်ပါသည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားရို့ အား အခြီခံကျကျ ပညာပီးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာ၌တကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန်းလတွင်၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာ၌တကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ၌တကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့် ဆောင်ရွက်ခပါသည်။ ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့ တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လီသံမျှပင် မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခကတ်သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရေး ပညာပီးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် တောင်လယ်သမားများ နိုးကြားလာခကတ်သည်။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို သိမြင်လာကတ်၏။ နယ်ချဲ့အရင်းသျှင်စနစ်၊ မြီသျှင်စနစ်ရို့ကိုဖြိုဖျက် တွန်းလှန်ပစ်ကတ်ရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခကတ်၏။ စည်းရုံးညီညွတ်လာခကတ်၏။
ထို့ကဲ့သို့ တစ်တိုင်းလုံးအုံ့ကြွနိုးကြားစည်းရုံးညီညွတ်လာသော အချိန် ၁၂၉၉ ခုနှစ်တွင် ဆရာတော် ဦးစိန္တာ၏ တာဝန်ပီးချက်ဖြင့် ဆရာစံထွန်းအောင်နှင့် ဦးစံရွှေ၊ ဦးဘစံရို့ ရွီးဆွဲသော အဖွဲ့စည်းမျည်းအရ မင်းပြားညီလာခံ ကျင်းပစဉ်မှာပင် ဦးအောင်ထွန်းဦး၊ မင်းပြား ( ဒို့လက်ရုံး) နှင့် ဦးဘစံရို့ ဂေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက်လာခ၏။ ထိုအခါတွင် နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရာ၌ အမျိုးသားစည်းရုံးညီညွတ်မှု၏ အဓိက အရေးကြီးပုံကို ကောင်းစွာသိမြင်တော်မူသော ဆရာတော်ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်တွဲ၍ တစ်ခုတည်းသောအစည်းအရုံးကြီး ဖြစ်မြောက်ရေးကို ကြိုးပမ်းခရာ ၁၂၉၉ ခု၊ နတ်တော်လ အတွင်းတွင် စစ်တွေမြို့ ၊ တန်းခိုးဆရာတော်ဘုရားကျောင်း၌ နှစ်ဖက်သောအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေး ညှိနှိုင်းကာ “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး”ဟု အညီအညွတ်တည်ထောင်ကြပြီး နယ်ချဲ့အရင်းသျှင်စနစ် တိုက်ဖျက်ရေးအင်အားကို တည်ထောင်သည်။
တစ်ခုတည်းသောနယ်ချဲ့အရင်းသျှင်စနစ်တိုက်ဖျက်ရေး အင်အားစုဖြစ်သော ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက်တောမြို့၌ကျင်းပပြီး တောင်သူလယ်သမား လူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်လီသည်။ “ မြီသျှင်စနစ်ဖျက်သိမ်းရေး” အဆိုနှင့် “ ရခိုင်ပြည်အပါအ၀င် မြန်မာတပြည်လုံး လုံးဝ လွတ်လပ်ရေးချက်ချင်းပီးအဆို” ရို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ရခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခကတ်ပါသည်။ ညီလာခံအပြီး နံယုန်လတွင် နာယကဆရာတော်များဖြစ်သော ဦးစိန္တာနှင့် ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရရို့က ဖမ်းဆီးပြီး ဆရာတော်အား အလုပ်ကြမ်းနန့် ၁၈ လထောင်ဒဏ် အပြစ်ပီးခံခရလီသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆရာတော် ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်အတူ လက်နက်ကိုင် မျိုးချစ်တပ်များ ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ရို့အား တော်လှန်ခပါသည်။
ထို့ကြောင့် ၁၃၀၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်များ ရခိုင်စစ်ကြောင်း ချီတက်လာရေအခါ သစ္စာဖောက်များကြောင့် ဆရာတော်သည် အဖမ်းခံရကာ အသက်စိုးရိမ်
ရရေအထိဖြစ်ခပါရေ။
၁၃၀၅ ခုနှစ်စတွင် ဆရာတော်သည် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စတင်စီစဉ်လီသည်။ ထိုနှစ်တန်းခူးလဆုတ် ၁၀ ရက်နိန့်တွင် မြေပုံမြို့ပိုင်နှင့် ကျောက်ဖြူခရိုင်ဝန်ရို့၏ သစ္စာဖောက်သတင်းပီးမှုကြောင့် ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်ရို့၏ ဖမ်းဆီးခြင်းကို ခံရပြန်လီသည်။ ဖက်ဆစ်ဂျပန်များသည် ဆရာတော်အား ကြောက်မက်ဖွယ်ရာ နည်းအမျိုးမျိုးဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရခိုင်တိုင်းနှင့် မြန်မာပြည်ဖက်ဆစ်တော်လှန်းရေးဂေါင်းဆောင်များနှင့် အစီအစဉ်များကို မိန်းမြန်းခရာ ဆရာတော်သည် တော်လှန်ရေးအကြောင်းမပြော သစ္စာစောင့်ထိန်းခပါသည်။ ဝါဆိုလဆန်း ၆ ရက်နိန့်တွင် ဂျပန်တိက လက်လျှော့ပြီး လွှတ်ပီးခသော်လည်း ဖက်ဆစ်ဂျပန်ရို့ ၏ နှိပ်စက်သောဒဏ်ကြောင့် ကျန်းမာရေးအကြီးအကျယ် ချို့ယွင်းခပါသည်။ သို့သော် ဆရာတော်သည် နောက်မဆုတ်ဘဲ အင်တိုက်အားတိုက် ဆက်လက်ဂေါင်းဆောင်မှုပီးခရာ ဂန့်ဂေါတိုက်ပွဲသည် ကမ္ဘာကျော်တိုက်ပွဲဖြစ်သည်။
၁၃၀၆ ခုနှစ် ဂျပန်တော်လှန်ရေးအပြီးတွင် နယ်ချဲ့အင်္ဂလိပ်များပြန်ဝင်လာပြန်ရာ ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ကိုလည်း တော်လှန်မည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်မအပ်ဘဲ ဆက်လက်တော်လှန်ပြီး နယ်ချဲ့အင်္ဂလိပ်အား ၂ နှစ်တိုင်တိုင် ဆက်လက်တော်လှန်သည်။
၁၃၀၈ ခု၊ တန်းဆောင်မုန်းလ၌ ရခိုင်တောင်စဉ်ကမ်းခြီတလျှောက်ဟိ လယ်သမား ဆင်းရဲသားလူထုတစ်ရပ်လုံးမှာ နယ်ချဲ့ ရို့ ၏ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရပ်ရွာများကို မီးတိုက်ခြင်းရို့ကို ခံကတ်ရသောကြောင့် တိုင်းပြည်လွတ်မြောက်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ဆရာတော်ဦပညာသီဟ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင်မြနှင့် တိုင်းရင်းသား အစည်းအရုံးဂေါင်းဆောင်များရို့သည် ကြာအင်းတောင် ဆရာတော်ကျောင်းသို့ ရောက်လာကတ်ပြီးလျှင် ဦးစိန္တာနှင့်တွိ့ဆုံဆွေးနွေးပြီးနောက် ထိုနှစ် နတ်တော်လ စတုတ္ထအပတ်တွင် ဆရာတော်အား လွတ်ငြိမ်းချမ်းသားခွင့် ကြေညာလိုက်သဖြင့် ဆရာတော်ဦးစိန္တာသည် တောခိုရာမှထွက်လာ၍ ကျယ်ပြန့်သောစည်းရုံးရေးကို ဆက်လက်ဆောင်ရွက်ခလီသည်။
၁၃၀၈ ခု၊ နှောင်းတန်းခူးလ၌ မြေပုံမြို့နယ်တွင် ဆရာတော် ဦးစိန္တာ ဂေါင်းဆောင်သော ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကိုကျင်းပခရာ ဖဆပလနှင့် ကွန်မြူနစ်ပါတီရို့ကိုပါ ဖိတ်ကြားခ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ နှင့် ကွန်မြူနစ်ပါတီရို့တက်ရောက် ပါသည်။ သို့သော်လည့်း  အခြေအနီ မညီညွတ်ကြောင့် ညီလာခံမအောင်မြင်။
၁၃၀၉ ခု၊ ကဆုန်လဆန်း ၇ ရက်နိန့်တွင် မြေပုံမြို့မှ စစ်တွေမြို့သို့အလား ဦးစိန္တာသည် ဘင်္ဘောထက်၌ အဖမ်းခံရပြီးလျှင် ကဆုန်လကွယ်နိန့်ပင် စစ်တွေမှ လေယဉ်ဖြင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ယူဆောင်လျှက် သာယာဝတီထောင်သို့ အပို့ခံခရပြီးနောက် ၁၃၁၀ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်နိန့်တွင် သာယာဝတီထောင်ကို သူပုန်းတပ်ပေါင်းစုများ ဖွင့်သောအခါမှ ဆရာတော်သည် ထောင်မှလွတ်လာသည်။
၁၃၁၁ ခု၊ နံယုန်လဆုတ် ၅ ရက်နိန့်တွင် ဒါးလက်ချောင်းနှင့် ၈ ရက်နိန့်တွင် ကြာအင်းတောင်သို့ရောက်လာပြီး တော်လှန်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ပြန်ရာ ပါတီနှင့်လူထု အမြင်ကွဲပြားလာခြင်း၊ ပါတီတွင်းမှာလည်း အချင်းချင်း အမြင်မတူအယူအဆကွဲပြားလာခြင်းရို့ကြောင့် ထိုကွဲပြားမှုကို လက်နက်ဖြင့် ဖြေယှင်းကတ်သော အခြီအနီသို့ပင် ရောက်လားပါရေယင့်းကြောင့် ဆရာတော်မှာ ကြွီကွဲဝမ်းနည်းစွာ တွိ့ရပြန်၏။ ထိုကြောင့် ပါတီအတွင်း ညီညွတ်ရေး၊ မဟာမိတ်ပါတီ ညီညွတ်ရေးပါတီနှင့် လူထုစိတ်ချမ်းသာရေးကို ကြိုးစားပါသည်သို့သော်လည်းမအောင်မြင်ပါ။ ယင်းသို့ကြိုးစားနီစဉ်မှာပင် ကမ္ဘာ့နိုင်ငံရေး၊ မြန်မာနိုင်ရေး အခြေအနီအရ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများ စီးပွားရေးအားလုံးညီညွတ်ရန် လိုအပ်လာသည်ဟု သဘောပေါက်ယုံကြည်ခြင်းကြောင့် ပါတီနှင့် လူထုကို ပညာပီးပြီးနောက် ၁၃၁၉ ခု၊ တပို့တွဲလဆန်း ၆ ရက်၊ ၁၉၅၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်နိန့်တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကို ကျင်းပ၍ ဆရာတော်သည်တပည့်များနှင့် ဥဒပဒေတွင်းသို့ ဝင်ရောက်လာပါသည်။
ဆရာတော်ဦးစိန္တာအား ဖက်ဆစ်ရို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ် ကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု၊ နတ်တော်ဆန်း ၁၀ ရက်၊ တနင်္လာနိန့် နိန့်ခြင်းဖက် ၂ နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ ၊ သိမ်ကုန်းကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော် ဦးရဝိန္ဒထံ၌ တည်းခိုဆီးဝါးကုသနီစဉ်မှာပင် ပျံလွန်တော်မူသည်။
တော်လှန်ရေးအစိုးရသည် ဆရာတော်၏ဈာပနအတွက် ငွေ ၅၀၀၀ိ ကိုလှူဒါန်းပြီး ၇ုပ်ကြွင်းကို လည်းတပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မှ စစ်တွေသို့ ပို့ပီးပါသည်၊ ထိုမှတဆင့် ရေတပ်မတော်ရေယာဉ်ဖြင့် မြေပုံမြို့ သို့ ပို့ဆောင်ပီးသည်။
ကိုကား။ဦးကျော်လှဦး (လွတ်လပ်ရေးမော်ဂွန်းဝင်ပထမအဆင့်)မှတ်တန်းမှ
(ခွပ်ဒေါင်းနီ(စစ်တွေ)က အမှတ်၁၄ ရခိုင့်တန်းဆောင် စာစောင်တွင်မှကောက်နုတ်ချက်မှာ)်
မြေပုံမြို့ တွင်ဆရာတော်အုပ်ဂူုမှာ မြက်ပင်များနှင့်တောထလျှက်ရှိပြီး နွားတင်းကုတ်ပိုင်ဖြစ်နီသည်။ အိုမင်းဟောင်းနွမ်းနီသောအုပ်ဂူတွင်လညှ်းဆရာတော်၏ မှတ်တမ်းမော်ကွန်းထိုးထားခြင်းမရှိ။အမိုးမိုးထားခြင်းမှာလည်းဟောင်းနွမ်းပြီးဖြစ်နီကြောင်း။ ရီးသားထားပါသည်)။။
ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူးရပြီးဘောဂဗေဒတွင်၁၅မှတ်ဖြင့်ကျရှုံသွားသူမောင်မင်းသန့်လွင်
ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူးရပြီးဘောဂဗေဒတွင်၁၅မှတ်ဖြင့်ကျရှုံသွားသူမောင်မင်းသန့်လွင်၏ဘောဂဗေဒအဖြေလွှာစာအုပ်အားပြန်လည်စစ်ဆေးပေးရန်နှင့်ကြည့်ရှုခွင့်ပေးစေချင်.....
၂၀၁ ၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာ ဂုဏ်ထူးဖြင့် မြေပုံမြိ
ု့ က မောင်မင်းသန်းလွင် ကျရှူံး
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက်
မှာ နေထိုင့်သည့် မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးရခဲ့သော်လည်း ဘောဂဗေဒ ဘာသာရပ်တွင်
၁၅မှတ်ဖြင့် စာမေးပွဲကျရှူံးခဲ့ရကြောင်း လေးဝတီ လွတ်လပ်သော သတင်းဌာနမှ သိရှိရပါသည်။
မောင်မင်းသန့်လွင်သည် အဖ ဦးစိုးသိန်း(လက်သမား) အမိ ဒေါ်စောခင်လှ(အလယ်တန်းပြဆရာမ)တို့၏ သားဖြစ်ပြီး
အ ထ က မြေပုံမြို့တွင် ပညာသင်ကြားခဲ့သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။
သူ့တွင် မွေးချင်း အစ်မတစ်ယောက်ရှိပြီး သူ့ အစ်မ မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာ
မ) တစ်ယောက်ဖြစ်ပါသည်၊ သူ့ ၏ဖခင်မှာ လက်သမားဆရာတစ်ယောက်ဖြစ်ပြီး မိခင်မှာ အလယ်တန်းပြ
(မူတာဝန်)ဖြင့် မြေပုံမြို့ မှကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။
မောင်မင်းသန်းလွင်သည် ငယ်စဉ်ကတည်းက ပညာတော်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်
ပါသည်၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ဆက်တိုက် ပထမဆုကိုရရှိပြီး နဝမတန်းထိ ထူးချွန်စွာအောင်မြင်ခဲ့
သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။
မိခင်ဖြစ်သူပြောစကားအရ “ကျွန်မသားဟာ အငယ်စဉ်ကတည်းက ပညာတော်တဲ့ကျောင်းသားတစ်
ယောက်ပါ၊ သူ့ကိုငယ်ငယ်လေးကတည်းက တော်အောင်တက်အောင်ဆိုပြီး ကျွန်မရော ဆရာဆရာမတွေ
ပါ ပြုစုပျိုးထောင်လာခဲ့တာပါ၊ အခုဆယ်တန်း စာမေးပွဲမှာလဲ ဂုဏ်ထူးတွေ များများနဲ့အောင်မြင်အောင်ဆိုပြီး
သူကိုယ်တိုင်လဲ အထူးကြိုးစားခဲ့သလို ကျွန်မကိုယ်တိုင်လဲ ဖိဖိစီးစီးကိုင်တွယ်ပေးခဲ့ပါတယ်၊ သူများတွေလိုကျူ
ရှင်လဲမထားနိုင်ပါဘူး၊ သူအခုစာမေးပွဲမှာအဖြေနိုင်ဆုံးဘာသာဟာ ၁၅မှတ်ပဲရတဲ့ ဘောဂဗေဒ ဘာသာရပ်ဖြစ်
နေတယ်၊ အကြိုစာမေးပွဲတွေမှာဆို သားလေးဟာ တစ်ခြားကျောင်းသူ ကျောင်းသားတွေထက် အမှတ်အများ
ဆုံးနဲ့ ဂုဏ်ထူးတွေထွက်နေတဲ့ကျောင်းသားလေးပါ၊ ကျွန်မတို့ဆီမှာ အကြိုစားမေးပွဲတုန်းကဖြေထားခဲ့တဲ့ အမှတ်စာရင်း
တွေရှိပါတယ်၊ ပညာရေးစာစစ်ဌာနက တစ်ခုခုလွဲမှားနေလိမ့်မယ်လို့ သံသယဖြစ်မိပါတယ်၊ ကျွန်မ အဖြေလွှာ
မိတ္တူကိုစာစစ်ဌာနမှာ ကြည့်ခွင့်တောင်းပြီးသွားခဲ့ပါပြီ၊ ဘာတစ်ခုမှလဲ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ၊ ပြည်နယ်
ဝန်ကြီးချူပ်ထံကိုပါ စာတစ်စောင်တင်ထားပါသေးတယ်” လို့ မောင်မင်းသန်းလွင်၏ မိခင်ဖြစ်သူ ဒေါ်စောခင်လှ
ကပြောပါသည်။
သူသည် ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့ စာစစ်ဌာန ဒဖ-၂၀၃ဖြင့်
ဝင်ရောက်ဖြေဆိုခဲ့ရာ ငါးဘာသာ ဂုဏ်ထူးရသော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့်ကျရှူံးခဲ့ပါ
သည်၊ အမှတ်စာရင်းများမှာ မြန်မာစာ ၇၇မှတ်၊ အင်္ဂလိပ်စာ ၇၈မှတ်၊ သင်္ချာ ၈၂မှတ်၊ ဓာတုဗေဒ ၉၃မှတ်၊
ရုပဗေဒ ၈၄မှတ်၊ ဘောဂဗေဒ ၁၅မှတ် ဖြစ်ပါသည်။
“ရခိုင်ပြည်နယ် ပညာရေးဌာနကို သွားရောက်ခဲ့ပါတယ်၊ဘာမှထူးခြားမူမရှိလို့ ရန်ကုန်စာစစ်ဌာန ဥက္ကဌ
ကို ကျွန်မကိုယ်တိုင်တွေ့ဖို့ ကြိုးစားခဲ့ပါသော်လည်း မသင်္ခါ သောမျက်လုံးများနဲ့ကြည့်ပြီး မဖြစ်နိုင်တော့ကြောင်း
နောက်ကျသွားပြီလို့ သူတို့ကပြောကြတယ်၊ ကျွန်မသားလေးရဲ့အဖြေလွှာကိုကြည့်ခွင့်ရရင် တော်ပါပြီဟုပြောရင်
လည်း သူတို့က အရေးတစ်ယူဆောင်ရွက်ပေးတာမရှိဘူးလေ၊ မြန်မာနိုင်ငံစာစစ်ဌာနအနေနဲ့ မှန်မှန်ကန်ကန်
ဆောင်ရွက်ပေးသင့်တယ်လို့ ကျွန်မမြင်ပါတယ်၊ အဖြေလွှာလေးတစ်ခေါက်ကြည့်မှာ ဘယ်လောက်များပင်ပန်း
မှာမို့လို့လဲ၊ ကျွန်မတို့ ဆင်းရဲသားတွေဟာ ဒီလိုပညာလေးတွေကိုအားကိုးပြီး ကြိုးစားခဲ့ရတာပါ ခုကျွန်မသား
လေးဆိုရင် သူကိုယ်တိုင်ခုဖြေဆို ခုတစ်ထိုင်တည်းဖြေဆိုနိုင်ပါတယ်၊ ဒီနှစ်မဖြေလိုက်ရလဲ နောက်နှစ်ဖြေတယ်
ထားပါအုံး ဒီလိုမျိုးသာဆိုရင် နောက်နှစ်တွေရော အာမခံချက်ရှိပါတော့မလား ကျွန်မက ကျွန်မသားလေးရဲ့
ဖြေလွှာကိုကြည့်ခွင့်ရရင် ကျေနပ်ပါပြီ” ဟုလေးဝတီသတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ဇွန်လ ၉ရက် ၂၀၁၂ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထွက်ချိန်က မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးဖြင့် အောင်စာရင်းတွင်မပါခဲ့ပဲ ကျရှူံးခဲ့ပြီး အမှတ်စာရင်းထွက်လာ
ချိန်တွင် ဂုဏ်ထူးရဘာသာတွေတွင် အမှတ်ကောင်းများဖြင့် ဂုဏ်ထူးရခဲ့ပါသည်၊ ဘောဂဗေဒ ဘာသာရပ်တွင်မူ
၁၅မှတ်ရသည်မှာ ဖြစ်နိုင်ဖွယ် လုံးဝမရှိကြောင်း ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အသိုင်းအဝိုင်း
များအပြောအရ စာစစ်ဌာနတစ်ခုခုမှားယွင်းမူကြောင်းသားဖြစ်လိမ့်မယ်လို့ ဝေဖန်သုံးသပ်နေကြပါသည်။
“ကျွန်မက ရခိုင်ပြည်ကနေ ခရီးအဝေးကြီးလာရတာပါ၊ ပိုက်ဆံရှိလို့ လာတာတော့မဟုက်ဘူး၊ သူများဆီက
ပိုက်ဆံချေးငှားပြီး ပိုက်ဆံတွေအကုန်အကျခံလို့ လာခဲ့ရတာပါ၊ အရေးတစ်ယူဆောင်ရွက်ပေးခြင်းမရှိတဲ့အပြင်
အဖြေလွှာလေးတောင်မှ ကြည့်ခွင့်မရခဲ့ပါ”ဟု ဝမ်းနည်းစွာဖြစ့် ဆက်လက်ပြောခဲ့ပါသည်။
မောင်မင်းသန်းလွင် ရမှတ်နှင့် ပတ်သက်လို့ အဖြေလွှာကို ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးရန်နှင့် အဖြေ
လွှာကိုပြန်လည်ကြည့်ရှူခွင့်ရရန် မိခင်ဖြစ်သူမှ အသနားခံတောင်းဆိုလွှာကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ရန်ကုန်သို့
ပထမအကြိမ် ဒုတိယအကြိမ်တရားဝင် ပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာမရရှိ
ခဲ့ကြောင်း လေးဝတီမှ သတင်းရရှိပါသည်။
လေးဝတီသတင်းဌာနမှ ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါသည်။
ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်ဆိုရင်တော့ arakanlaywaddy.com မှာကြည့်ရှူ့နိုင်ပါသည်။
လေးစားစွာဖြင့်
ကျော်ထွန်းလင်း
Photo: ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူးရပြီးဘောဂဗေဒတွင်၁၅မှတ်ဖြင့်ကျရှုံသွားသူမောင်မင်းသန့်လွင်၏ဘောဂဗေဒအဖြေလွှာစာအုပ်အားပြန်လည်စစ်ဆေးပေးရန်နှင့်ကြည့်ရှုခွင့်ပေးစေချင်..... ၂၀၁ ၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာ ဂုဏ်ထူးဖြင့် မြေပုံမြို့ က မောင်မင်းသန်းလွင် ကျရှူံး ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက် မှာ နေထိုင့်သည့် မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးရခဲ့သော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့် စာမေးပွဲကျရှူံးခဲ့ရကြောင်း လေးဝတီ လွတ်လပ်သော သတင်းဌာနမှ သိရှိရပါသည်။ မောင်မင်းသန့်လွင်သည် အဖ ဦးစိုးသိန်း(လက်သမား) အမိ ဒေါ်စောခင်လှ(အလယ်တန်းပြဆရာမ)တို့၏ သားဖြစ်ပြီး အ ထ က မြေပုံမြို့တွင် ပညာသင်ကြားခဲ့သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ သူ့တွင် မွေးချင်း အစ်မတစ်ယောက်ရှိပြီး သူ့ အစ်မ မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာ မ) တစ်ယောက်ဖြစ်ပါသည်၊ သူ့ ၏ဖခင်မှာ လက်သမားဆရာတစ်ယောက်ဖြစ်ပြီး မိခင်မှာ အလယ်တန်းပြ (မူတာဝန်)ဖြင့် မြေပုံမြို့ မှကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။ မောင်မင်းသန်းလွင်သည် ငယ်စဉ်ကတည်းက ပညာတော်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ် ပါသည်၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ဆက်တိုက် ပထမဆုကိုရရှိပြီး နဝမတန်းထိ ထူးချွန်စွာအောင်မြင်ခဲ့ သော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ မိခင်ဖြစ်သူပြောစကားအရ “ကျွန်မသားဟာ အငယ်စဉ်ကတည်းက ပညာတော်တဲ့ကျောင်းသားတစ် ယောက်ပါ၊ သူ့ကိုငယ်ငယ်လေးကတည်းက တော်အောင်တက်အောင်ဆိုပြီး ကျွန်မရော ဆရာဆရာမတွေ ပါ ပြုစုပျိုးထောင်လာခဲ့တာပါ၊ အခုဆယ်တန်း စာမေးပွဲမှာလဲ ဂုဏ်ထူးတွေ များများနဲ့အောင်မြင်အောင်ဆိုပြီး သူကိုယ်တိုင်လဲ အထူးကြိုးစားခဲ့သလို ကျွန်မကိုယ်တိုင်လဲ ဖိဖိစီးစီးကိုင်တွယ်ပေးခဲ့ပါတယ်၊ သူများတွေလိုကျူ ရှင်လဲမထားနိုင်ပါဘူး၊ သူအခုစာမေးပွဲမှာအဖြေနိုင်ဆုံးဘာသာဟာ ၁၅မှတ်ပဲရတဲ့ ဘောဂဗေဒ ဘာသာရပ်ဖြစ် နေတယ်၊ အကြိုစာမေးပွဲတွေမှာဆို သားလေးဟာ တစ်ခြားကျောင်းသူ ကျောင်းသားတွေထက် အမှတ်အများ ဆုံးနဲ့ ဂုဏ်ထူးတွေထွက်နေတဲ့ကျောင်းသားလေးပါ၊ ကျွန်မတို့ဆီမှာ အကြိုစားမေးပွဲတုန်းကဖြေထားခဲ့တဲ့ အမှတ်စာရင်း တွေရှိပါတယ်၊ ပညာရေးစာစစ်ဌာနက တစ်ခုခုလွဲမှားနေလိမ့်မယ်လို့ သံသယဖြစ်မိပါတယ်၊ ကျွန်မ အဖြေလွှာ မိတ္တူကိုစာစစ်ဌာနမှာ ကြည့်ခွင့်တောင်းပြီးသွားခဲ့ပါပြီ၊ ဘာတစ်ခုမှလဲ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ၊ ပြည်နယ် ဝန်ကြီးချူပ်ထံကိုပါ စာတစ်စောင်တင်ထားပါသေးတယ်” လို့ မောင်မင်းသန်းလွင်၏ မိခင်ဖြစ်သူ ဒေါ်စောခင်လှ ကပြောပါသည်။ သူသည် ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့ စာစစ်ဌာန ဒဖ-၂၀၃ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ ငါးဘာသာ ဂုဏ်ထူးရသော်လည်း ဘောဂဗေဒ ဘာသာရပ်တွင် ၁၅မှတ်ဖြင့်ကျရှူံးခဲ့ပါ သည်၊ အမှတ်စာရင်းများမှာ မြန်မာစာ ၇၇မှတ်၊ အင်္ဂလိပ်စာ ၇၈မှတ်၊ သင်္ချာ ၈၂မှတ်၊ ဓာတုဗေဒ ၉၃မှတ်၊ ရုပဗေဒ ၈၄မှတ်၊ ဘောဂဗေဒ ၁၅မှတ် ဖြစ်ပါသည်။ “ရခိုင်ပြည်နယ် ပညာရေးဌာနကို သွားရောက်ခဲ့ပါတယ်၊ဘာမှထူးခြားမူမရှိလို့ ရန်ကုန်စာစစ်ဌာန ဥက္ကဌ ကို ကျွန်မကိုယ်တိုင်တွေ့ဖို့ ကြိုးစားခဲ့ပါသော်လည်း မသင်္ခါ သောမျက်လုံးများနဲ့ကြည့်ပြီး မဖြစ်နိုင်တော့ကြောင်း နောက်ကျသွားပြီလို့ သူတို့ကပြောကြတယ်၊ ကျွန်မသားလေးရဲ့အဖြေလွှာကိုကြည့်ခွင့်ရရင် တော်ပါပြီဟုပြောရင် လည်း သူတို့က အရေးတစ်ယူဆောင်ရွက်ပေးတာမရှိဘူးလေ၊ မြန်မာနိုင်ငံစာစစ်ဌာနအနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသင့်တယ်လို့ ကျွန်မမြင်ပါတယ်၊ အဖြေလွှာလေးတစ်ခေါက်ကြည့်မှာ ဘယ်လောက်များပင်ပန်း မှာမို့လို့လဲ၊ ကျွန်မတို့ ဆင်းရဲသားတွေဟာ ဒီလိုပညာလေးတွေကိုအားကိုးပြီး ကြိုးစားခဲ့ရတာပါ ခုကျွန်မသား လေးဆိုရင် သူကိုယ်တိုင်ခုဖြေဆို ခုတစ်ထိုင်တည်းဖြေဆိုနိုင်ပါတယ်၊ ဒီနှစ်မဖြေလိုက်ရလဲ နောက်နှစ်ဖြေတယ် ထားပါအုံး ဒီလိုမျိုးသာဆိုရင် နောက်နှစ်တွေရော အာမခံချက်ရှိပါတော့မလား ကျွန်မက ကျွန်မသားလေးရဲ့ ဖြေလွှာကိုကြည့်ခွင့်ရရင် ကျေနပ်ပါပြီ” ဟုလေးဝတီသတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဇွန်လ ၉ရက် ၂၀၁၂ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထွက်ချိန်က မောင်မင်းသန်းလွင်သည် ငါးဘာသာ ဂုဏ်ထူးဖြင့် အောင်စာရင်းတွင်မပါခဲ့ပဲ ကျရှူံးခဲ့ပြီး အမှတ်စာရင်းထွက်လာ ချိန်တွင် ဂုဏ်ထူးရဘာသာတွေတွင် အမှတ်ကောင်းများဖြင့် ဂုဏ်ထူးရခဲ့ပါသည်၊ ဘောဂဗေဒ ဘာသာရပ်တွင်မူ ၁၅မှတ်ရသည်မှာ ဖြစ်နိုင်ဖွယ် လုံးဝမရှိကြောင်း ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အသိုင်းအဝိုင်း များအပြောအရ စာစစ်ဌာနတစ်ခုခုမှားယွင်းမူကြောင်းသားဖြစ်လိမ့်မယ်လို့ ဝေဖန်သုံးသပ်နေကြပါသည်။ “ကျွန်မက ရခိုင်ပြည်ကနေ ခရီးအဝေးကြီးလာရတာပါ၊ ပိုက်ဆံရှိလို့ လာတာတော့မဟုက်ဘူး၊ သူများဆီက ပိုက်ဆံချေးငှားပြီး ပိုက်ဆံတွေအကုန်အကျခံလို့ လာခဲ့ရတာပါ၊ အရေးတစ်ယူဆောင်ရွက်ပေးခြင်းမရှိတဲ့အပြင် အဖြေလွှာလေးတောင်မှ ကြည့်ခွင့်မရခဲ့ပါ”ဟု ဝမ်းနည်းစွာဖြစ့် ဆက်လက်ပြောခဲ့ပါသည်။ မောင်မင်းသန်းလွင် ရမှတ်နှင့် ပတ်သက်လို့ အဖြေလွှာကို ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးရန်နှင့် အဖြေ လွှာကိုပြန်လည်ကြည့်ရှူခွင့်ရရန် မိခင်ဖြစ်သူမှ အသနားခံတောင်းဆိုလွှာကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ရန်ကုန်သို့ ပထမအကြိမ် ဒုတိယအကြိမ်တရားဝင် ပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာမရရှိ ခဲ့ကြောင်း လေးဝတီမှ သတင်းရရှိပါသည်။ လေးဝတီသတင်းဌာနမှ ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်ဆိုရင်တော့ arakanlaywaddy.com မှာကြည့်ရှူ့နိုင်ပါသည်။ လေးစားစွာဖြင့် ကျော်ထွန်းလင်း
ခုထိမလွတ်နိုင်သေးသော ကို ရဲထက်စိုး (မြေပုံ)
၂၀၀၉ခုနှစ်
က နအဖ အစိုးရလက်ထက်တွင် ဖမ်းဆီးခံရပြီး တောင်ဒါဏ် ၉နှစ်
ပြစ်ဒါဏ်ပေးခံနေရသော ရခိုင်ပြည်နယ် မြေပုံမြို့ နယ်
ကမ်းထောင်းကြီးကျေးရွာမှ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား မောင်ရဲထက်စိုး။
၂၀၀၉ခုနှစ် ရခိုင်လူငယ် ၁၁ ယောက်ကိုဖမ်းဆီးပြီး ထောင်ဒါဏ်
၂၀၀၉ခုနှစ် ရခိုင်လူငယ် ၁၁ ယောက်ကိုဖမ်းဆီးပြီး ထောင်ဒါဏ်
အသီးသီးချမှတ် ခဲ့ တဲ့ အထဲတွင် ပြစ်ဒါဏ် အများဆုံး
ချမှတ်ခံရသူတစ်ဦးဖြစ်ပါတယ်...လက်ရှိအစိုးရက လွတ်ငြိမ်းချမ်သာခွင့် တွေ
အကြိမ်ကြိမ်ပေးပေမယ့် လည်း အခုအချိန်အထိ
သူမပါဝင်သေးပါဘူး...မိဘတွေကနယ်မှာနေပြီး သူတို့ ရဲ
့သားရန်ကုန်မှာပညာသင်ပေးထားတာပါ...တကယ့် ကို အေးအေးဆေးဆေး နေတတ်တဲ
့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်...အခုတော့ အင်းစိန်ထောင်မှာ ကွန်ပျူတာသင်တန်း
ပို့ ချနေတယ်လို့  သူရဲ့ အဒေါ်ဖြစ်သူကပြောပါတယ်...ဒီလိုအပြစ်မရှိတဲ့ 
ပညာတတ် ရခိုင်လူငယ်တွေကိုကျတော့  ဖမ်းဆိးထောင်ချထားပြီး လူ
့အသက်ပေါင်းများစွာဆုံးရှုံးခံရပြီး သောင်းနဲ့ ချီတဲ့ လူတွေ
ဒုက္ခရောက်အောင် လှုံ့ ဆော် စည်ရုံး အကြမ်းဖက်ခဲ့ တဲ့  UN ၀န်ထမ်း
ဘင်္ဂါလီတွေကျတော ပြစ်ဒါဏ်ချပြီး နောက်တစ်နေ့ မှာပဲ လွှတ်ပေးလိုက်တဲ့ 
သမ္မတကြီးရဲ့  ပြည်သူတွေအပေါ်မှာထားတဲ့  စေတနာတွေကို ဘယ်လိုနာလည်ရမှန်း
မသိတော့ ပါဘူး...ကဲသမ္မတကြီးနဲ့  အကြံတွေပေးနေတဲ့ ညဏ်ကြီးရှင်တို့ ရယ်
ဒါလေးတစ်ချက်လောက် ရှင်းစမ်းပါအုံး.....
Subscribe to:
Posts (Atom)